*နံနက်ခင်းရဲ့နေရောင်က
ငါ့အပေါ်ကို အုပ်မိုး
ဘ၀ သစ်ပင်ခြောက်က
အရိုးပြိုင်းပြိုင်းထ
နေရောင်ကို သူအလိုရှိပုံမရဘူး။
နံရံမှာချိတ်ဆွဲထားတဲ့
ပန်းချီကားတစ်ချပ်လို
ဖုန်တက်တဲ့ အတွေးတွေနဲ့
ငါ့ဘ၀ကို ကုလားဖန်ထိုးခဲ့
ငါ့အိပ်မက်ဘာကြောင့်များ
မောနေရတာလဲ။
တစ်ကနေ စခြင်းမဟုတ်တဲ့
ငါ့ဘ၀အစ သုညကို
ပြန်တွေးရင်း
နင့်ကို လွမ်း လိုက်တာ
မိန်းမတစ်ယောက်ရဲ့မာနကို
ဖက်တွယ်ရင်း
ငါ့အလွမ်းကို ငါပြန် မျိုချ
ဟန်ဆောင်မှုတွေလဲ
ငါမှီဝဲခဲ.တယ်
ဒါပေမယ့်လေ
ငါ မမျော်လင့်ရဲသောနေ့မှာ
်ငါ့ အချစ်သစ်ငုတ်လေး
နင်တူးဖော်တွေ့ခဲ့ရင်
ဒီကောင်း ကင်တစ်ခုလုံး
ငိုတော့မှာပဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment